ASHCမှ သွားရောက်လှူဒါန်းခြင်း🙏🙏🙏****************************အမှတ် ၁၂၊ ဦးပေါညောင်ပင်ရပ်ကွက်၊ ဇာမဏီဆည်၊ ကုမုဒြာ(၂)လမ်း၊ သံလျင်နေသူ Oiler ဦးသံဒိုင် (CDC-1785)အသက် (၇၀) နှစ်သည် Brave marine time Co, Success shipping line နှင့် Greece line များတွင်လုပ်ကိုင်ခဲ့သူဖြစ်ပါသည်။ ယခုအခါမျက်စိတိမ်ခွဲရန်နှင့်အကြောကပ်ရောဂါကုသရန်အတွက်ASHC မှ အလှူရှင်များကိုယ်စားကျပ်ငွေတစ်သိန်း တိတိ (100,000 MMK) ပထမအကြိမ် ကူညီထောက်ပံ့ခဲ့ပါသည်။ (phone 09762516910)သို့ဆက်သွယ်မေးမြန်းကိုယ်တိုင်လှူတန်းလိုပါကလှူနိုင်ပါသည်။.အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာASHC3rd May 202501/May/2025