(၁၄)လမ်း၊ ယုဇနဥယျာဉ်မြို့တော်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သော မျက်လုံးရေတိမ်ဖြစ်ပြီး မျက်လုံးတစ်ဖက်ကွယ်၊ ကျန်တစ်ဖက် ဆေးကုသနေရသော သင်္ဘောသားဟောင်းကြီး Oiler ဦးကြည်၀င်း (CDC-20076) အသက် ၆၈ နှစ် အား သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှုလုပ်ငန်းကော်မတီမှ အလှူငွေ ကျပ်တစ်သိန်း တိတိကို (၈)ကြိမ်မြောက် ကူညီလှူဒါန်းခဲ့ပါသည်။ 😊😊(11.11.2021) ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်(23.08.2022) ရက်နေ့တွင် ဒုတိယအကြိမ် ငါးသောင်းကျပ်(10.05.2023) ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ်(23.08.2023) ရက်နေ့တွင် စတုတ္ထအကြိမ် တစ်သိန်းကျပ်(14.12.2023) ရက်နေ့တွင် ပဉ္စမအကြိမ် တစ်သိန်းကျပ်(22.10.2024) ရက်နေ့တွင် ဆဌမအကြိမ် တစ်သိန်းကျပ်(03.01.2025) ရက်နေ့တွင်သတ္တမအကြိမ် တစ်သိန်းကျပ်ယခု (11.07.2025) ရက်နေ့တွင် အဌမအကြိမ်မြောက် တစ်သိန်းကျပ်စုစုပေါင်း ခုနစ်သိန်းငါးသောင်းကျပ် တိတိကို သွားရောက်ကူညီလှူဒါန်းပြီးဖြစ်ပါသည်ခင်ဗျာ🎊🎉😊အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် 👇ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ www.ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ASHC14th July 2025
