အဆုတ်ကင်ဆာ ဝေဒနာသည်အား နဝမအကြိမ် ကူညီထောက်ပံ့ခြင်း***************************************************၁၁လမ်း၊ ပိန္နဲကုန်း၊ အင်းစိန် မြို့နယ် နေထိုင်သော အဆုတ်ကင်ဆာဖြစ်၍ ကင်ဆာဆေးသွင်းနေရပြီး ဆေးကုသရန်ငွေကြေးခက်ခဲနေသော သင်္ဘောသားဟောင်းကြီး A.B ဦးမျိုးလှိုင် ( CDC.35400) အသက် ၆၅ နှစ်အား သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှုလုပ်ငန်းကော်မတီမှ အလှူငွေ ကျပ်တစ်သိန်း တိတိကို နဝမအကြိမ် သွားရောက် လှူဒါန်းခဲ့ပါသည်။ 😊😊😊(18.07.2023)ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်(26.10.2023)ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်(29.04.2024)ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ် (11.07.2024)ရက်နေ့တွင် စတုတ္ထအကြိမ် တစ်သိန်းကျပ်(24.10.2024)ရက်နေ့တွင် ပဉ္စမအကြိမ် တစ်သိန်းကျပ်(13.12.2024) ရက်နေ့တွင် ဆဌမအကြိမ် တစ်သိန်းကျပ်(24.03.2025) ရက်နေ့တွင်သတ္တမအကြိမ် တစ်သိန်းကျပ် (13.04.2025) ရက်နေ့တွင်အဌမအကြိမ် တစ်သိန်းကျပ် ယခု(07.06.2025) ရက်နေ့တွင်နဝမအကြိမ် တစ်သိန်းကျပ် စုစုပေါင်း ကိုးသိန်းကျပ် တိတိကို သွားရောက်ကူညီလှူဒါန်းပြီးဖြစ်ပါသည် ခင်ဗျာ 😊🎉🎊အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် 👇ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ www.ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ASHC17th June 2025