ကျန်းမာရေးချို့တဲ့နေပြီး ငွေကြေးခက်ခဲနေပါဖြင့် သက်ကြီးသင်္ဘောသားကျန်းမာရေး ကူညီမှုလုပ်ငန်းကော်မတီ သို့ အကူအညီတောင်းခံလာသော သင်္ဘောသား ဟောင်းကြီး cook ဦးမင်းလူ(CDC-26583) အား (09.07.2025)ရက်နေ့တွင် တစ်သိန်းကျပ်တိတိကိုကူညီ ထောက်ပံ့ခဲ့ပါသည်။ဦးမင်းလူသည် အမှတ် ၅၄၄၊၆လမ်း၊၂၂ရပ်ကွက်၊သစ်ဆိပ်၊ေတာင်ဒဂုံမြို့နယ်၊ရန်ကုန်တွင် နေထိုင်သူဖြစ်ပြီးကျန်းမာရေးချို့တဲ့နေကာ ငွေကြေးခက်ခဲနေပါသဖြင့်အကူအညီတောင်းခံလာခြင်းဖြစ်ပါသည်။အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် 👇ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ASHC16th July 2025