အမှတ်-၄၀၄၊ တိုက်-၁၅၊ ၄၉ တိုးချဲ့ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်တွင်နေထိုင်သော  သင်္ဘောသားဟောင်းကြီး  Cook ဦး၀င်းဖေ (CDC-9775) အသက် ၇၈ နှစ် သည်
မျက်စိဆေးခန်းပြရန် အကူအညီတောင်းခံလာပါသဖြင့်
သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှုလုပ်ငန်းကော်မတီမှ  အလှူငွေ ကျပ်တစ်သိန်း တိတိကို သွားရောက်ကူညီလှူဒါန်းခဲ့ပါသည်။  😊😊

ဦးဝင်းဖေအား 12.12.2022 ရက်နေ့တွင် ပထမအကြိမ်
တစ်သိန်းကျပ်
ယခု 09.07.2025 ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ် စုစုပေါင်း နှစ်သိန်းကျပ်တိတိကို လှူဒါန်းပေးခဲ့ပြီး ဖြစ်ပါသည်ခင်ဗျာ

အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏

ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪

ASHC
17th July 2025