ASHC မှ ပဉ္စမအကြိမ်သွားရောက်လှူဒါန်းခြင်း******************************************ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ ယောမင်းကြီးလမ်းနေ သင်္ဘောပေါ်တွင် မတော်တဆဖြစ်ရာမှခြေထောက်ကျိုးသဖြင့် စတီးရိုးထည့်ရပြီး၊ ယခုအခါစတီးရိုးမှာ ပုံမှန်မဟုတ်သောကြောင့် လမ်းမလျှောက်နိုင်ပဲ ဆေးကုသရန်ခက်ခဲနေသော သင်္ဘောသားဟောင်းကြီး Bsn ဦးအေးချို (CDC.3696) အသက် 79နှစ် အား သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှု လုပ်ငန်း ကော်မတီမှ အလှူငွေ ကျပ် တစ်သိန်းတိတိကို ပဉ္စမအကြိမ် သွားရောက် လှူဒါန်းခဲ့ပါသည်။ 😊😊😊(15.11.2021)ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်(02.12.2024)ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်(06.03.2025) ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ်(13.04.2025) ရက်နေ့တွင် စတုတ္တအကြိမ် တစ်သိန်းကျပ် ယခု (16.05.2025) ရက်နေ့တွင် ပဉ္စမအကြိမ် တစ်သိန်းကျပ်စုစုပေါင်း ငါးသိန်းကျပ် တိတိကို သွားရောက်ကူညီလှူဒါန်းပြီးဖြစ်ပါသည်ခင်ဗျာ😊အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် 👇ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ASHC16th May 2025Donation 0012/May/2025
