ASHC မှလစဉ်ထောက်ပံ့နေသော ကျောက်ကပ်နှင့်ဆီးချိုဝေဒနာရှင်အား (၁၂)မြောက်ထောက်ပံ့လှူဒါန်းခြင်း***********************************************သာကေတမြို့နယ်တွင်နေထိုင်သော မျက်စိနှစ်ဖက် ဆီးချိုရောဂါကြောင့်မမြင်ရ၊ ယခုအခါ ဆီးချိုကြောင့် ခြေချောင်းလည်းဖြတ်ထားရပြီးတစ်လ ၈ ကြိမ် ကျောက်ကပ်ဆေးနေ ရ သော ကြောင့် ငွေကြေးခက်ခဲနေသော သင်္ဘောသားဟောင်းကြီး C.Cook ဦးသိန်းလွင် (CDC-32574) အား သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှုလုပ်ငန်းကော်မတီမှ အလှူငွေကျပ် တစ်သိန်းတိတိကို ( ၁၂)ကြိမ် သွားရောက်ကူညီလှူဒါန်းပေးခဲ့ပါသည် ခင်ဗျာ။ 😊😊(10.07.2024)ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်(22.08.2024)ရက်နေ့တွင် ဒုတိယအကြိမ် နှစ်သိန်းကျပ်(09.10.2024)ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ် (27.12.2024)ရက်နေ့တွင် စတုတ္ထအကြိမ် တစ်သိန်းကျပ်(03.01.2025) ရက်နေ့တွင် ပဉ္စမအကြိမ် တစ်သိန်းကျပ်(30.01.2025)ရက်နေ့တွင် ဆဌမအကြိမ် တစ်သိန်းကျပ်(06.02.2025) ရက်နေ့တွင်သတ္တမအကြိမ် တစ်သိန်းကျပ်(13.04.2025) ရက်နေ့တွင်အဌမအကြိမ် တစ်သိန်းကျပ် (09.05.2025) ရက်နေ့တွင် နဝမ အကြိမ် တစ်သိန်းကျပ် (07.06.2025) ရက်နေ့တွင် (၁၀) ကြိမ်မြောက်တစ်သိန်းကျပ် (16.06.2025) ရက်နေ့တွင် (၁၁) ကြိမ်မြောက်နှစ်သိန်းကျပ် ယခု(09.07.2025) ရက်နေ့တွင် (၁၂) ကြိမ်မြောက်တစ်သိန်းကျပ် စုစုပေါင်း တစ်ဆယ့်လေးသိန်းကျပ် တိတိကို သွားရောက်ကူညီ လှူဒါန်းပြီးဖြစ်ပါသည် ခင်ဗျာ 😊အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။ဦးသိန်းလွင်အား တိုက်ရိုက်လှူဒါန်းလိုသူများ ASHC သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ ။ဆက်သွယ်လှူဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာASHC23th July 2025