အဆုတ်ကင်ဆာ ဝေဒ နာ သည်အားASHC မှ တတိယအကြိမ်မြောက်လှူဒါန်းခြင်း ***************************************အမှတ်-၉၇၂၊ ဇတိကလမ်း၊ ၁၆/၁ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တွင်နေထိုင်သော အဆုတ်ကင်ဆာဖြစ်၍ ကင်ဆာဆေး ၇ ကြိမ်သွင်းပြီး ဆေးကုသနေရသော သင်္ဘောသားဟောင်းကြီး BSN ဦးမိုးကျော်ဦး (CDC-35264) အသက် ၅၈ နှစ် အား သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှုလုပ်ငန်းကော်မတီမှ အလှူငွေ ကျပ်တစ်သိန်း တိတိကို တတိယအကြိမ်သွားရောက်ကူညီလှူဒါန်းခဲ့ပါသည်။ 😊😊 (၁၈.၁၂.၂၀၂၃) တွင်ပထမအကြိမ် တစ်သိန်းကျပ်(၁၃.၀၄.၂၀၂၅) တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်ယခု (၁၉.၀၅.၂၀၂၅) တွင် တတိယအကြိမ် တစ်သိန်းကျပ် စုစုပေါင်း သုံးသိန်းကျပ် အားလှူဒါန်းပြီးစီး ပြီးဖြစ်ပါသည်။ အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏 ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪 မှတ်ချက်_ လူနာ၏ လက်ရှိ အခြေအနေအရလူနာရှင် အစ်ကို ဖြစ်သူမှ လှူဒါန်းငွေလက်ခံရယူသည်ကိုသာ မှတ်တမ်းတင်အပ်ပါသည်ခင်ဗျာ။