သင်္ဘောသားဟောင်းကြီး Bsn ဦးအေးချို (CDC-3696) အသက် 79နှစ် သည်ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ ယောမင်းကြီးလမ်းတွင်နေထိုင်သူဖြစ်ပါသည်။ သင်္ဘောတွင်ခြေထောက်ကျိုးသဖြင့် စတီးရိုးထည့်ရပြီး၊ ယခုအခါစတီးရိုးမှာ ပုံမှန်မဟုတ်သောကြောင့် လမ်းမလျောက်နိုင်ပဲ ကိုက်ခဲနေပြီးဆေးကုသရန်ခက်ခဲနေကြောင့် အကူအညီတောင်းခံလာပါသဖြင့် သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှု လုပ်ငန်း ကော်မတီမှ အလှူငွေ ကျပ် တစ်သိန်းတိတိကို ဆဌမအကြိမ် သွားရောက် လှူဒါန်းခဲ့ပါသည်။ 😊😊😊(15.11.2021)ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်(02.12.2024)ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်(06.03.2025) ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ်(13.04.2025) ရက်နေ့တွင် စတုတ္တအကြိမ် တစ်သိန်းကျပ် (16.05.2025) ရက်နေ့တွင် ပဉ္စမအကြိမ် တစ်သိန်းကျပ်ယခု (17.08.2025) ရက်နေ့တွင် ဆဌမအကြိမ် တစ်သိန်းကျပ်စုစုပေါင်း ခြောက်သိန်းကျပ် တိတိကို သွားရောက်ကူညီလှူဒါန်းပြီးဖြစ်ပါသည်ခင်ဗျာ😊အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪ASHC21th August 2025
