သင်္ဘောသားဟောင်းကြီး Bsn ဦးစိန်ခိုင် (CDC-19975) သည် လေဖြတ်ထားပြီး ကျန်းမာရေးချို့တဲ့နေပါသဖြင့် သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှု လုပ်ငန်း ကော်မတီမှ အလှူငွေ ကျပ် တစ်သိန်းတိတိကို (17.08.2025)ရက်နေ့တွင် သွားရောက် လှူဒါန်းခဲ့ပါသည်။ 😊😊😊လိပ်စာမှာ အမှတ် ၂၀၉ ၊ ဒုတိယထပ်၊ ၃၂လမ်း၊ အပေါ်ဘလောက်၊ပန်းဘဲတန်းဖြစ်ပါသည်။အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪ASHC22th August 2025
