အမှတ်-၂၇၉၊ ရန်ကြီးအောင် လမ်း၊ ၁၃ ရပ်ကွက်၊ လှိုင်သာယာ မြို့နယ်တွင်နေထိုင်သော ကျောက်ကပ်ပျက်စီး၍ တစ်လလျှင် ၈ ကြိမ် ကျောက်ကပ်ဆေးနေရသော ဝေဒနာရှင် သင်္ဘောသားဟောင်းကြီး C.O ဦးသိန်း၀င်း (CDC-37569) အသက် ၇၀ နှစ်အား သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှုလုပ်ငန်းကော်မတီမှ အလှူငွေ ကျပ်တစ်သိန်း တိတိကို ဆဌမအကြိမ် သွားရောက်ကူညီလှူဒါန်းခဲ့ပါသည်။

(09.02.2024)ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်
(24.04.2024)ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်
(09.08.2024)ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ်
(15.10.2024)ရက်နေ့တွင် စတုတ္ထအကြိမ် တစ်သိန်းကျပ်
(23.04.2024) ရက်နေ့တွင် ပဉ္စမအကြိမ် တစ်သိန်းကျပ်
ယခု ဆဌမအကြိမ် တစ်သိန်းကျပ်
စုစုပေါင်း ခြောက်သိန်းကျပ်တိတိကို သွားရောက်ကူညီ လှုဒါန်းပြီးဖြစ်ပါသည် ခင်ဗျာ 😊

အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏

ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။

ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်
ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ

ASHC
25th January 2025