ဒလမြို့သစ်၊ သမ္မတကမ်းခြေ ရပ်ကွက်၊ စံပြ ၂ လမ်း နေ မျက်စိခွဲစိတ်ကုသနေရပြီး အရိုးအဆစ်အမြစ်ကိုက်ရောဂါဖြင့် လမ်းကောင်းစွာမလျှောက်နိုင်သော သင်္ဘောသားဟောင်းကြီး Bsn ဦးကံရ( CDC.6756 )အား သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှု လုပ်ငန်း ကော်မတီမှ အလှူငွေ ကျပ် တစ်သိန်းတိတိကို စတုတ္ထအကြိမ် သွားရောက် လှူဒါန်းခဲ့ပါသည်။ 😊😊😊(30.12.2021) ရက်နေ့တွင် ပထမအကြိမ် ငါးသောင်းကျပ်(08.06.2023) ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ် (09.04.2025) ရက်နေ့တွင်တတိယအကြိမ် တစ်သိန်းကျပ်ယခု (07.09.2025) ရက်နေ့တွင် စတုတ္ထအကြိမ်တစ်သိန်းကျပ်စုစုပေါင်း သုံးသိန်းငါးသောင်းကျပ် တိတိကို သွားရောက်ကူညီလှူဒါန်းပြီးဖြစ်ပါသည် ခင်ဗျာ😊အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာASHC14th September 2025