ASHC မှ လစဥ် ထောက်ပံ့နေသောကျောက်ကပ်ဆေးနေရသော ဝေဒနာရှင်အား (၂၈) ကြိမ်မြောက်ထောက်ပံ့ လှူဒါန်းခြင်း ************************************************ဒေါပုံမြို့နယ်၊ အောင်ချမ်းသာ ရပ်ကွက်၊ အောင်သုခလမ်း နေ ကျောက်ကပ်မကောင်းသဖြင့် တစ်လလျှင် ၈ ကြိမ်ကျောက်ကပ်ဆေးနေရ၊ အသဲခြောက်၊ ရေဖျင်းစွဲဝေဒနာခံစားနေရပြီး ဆေးကုရန်ငွေကြေးခက်ခဲနေသဖြင့် အဖွဲ့ကို အကူညီတောင်းခံလာသော သင်္ဘောသားဟောင်း Ch/cook ဦးညီညီလွင် ( CDC.83567 )အား သက်ကြီးသင်္ဘောသား ကျန်းမာရေး ကူညီမှု လုပ်ငန်း ကော်မတီမှ အလှုငွေနှစ်သိန်းကျပ် တိတိကို (၂၈)ကြိမ်မြောက် အလှုဒါနအဖြစ် သွားရောက် ကူညီလှူဒါန်းပေးခဲ့ပါသည်။ 2021 ခုနှစ်တွင် (၁)ကြိမ် တစ်သိန်းကျပ်၊2022 ခုနှစ်တွင် စုစုပေါင်း (၅)ကြိမ် ငါးသိန်းကျပ်2023 ခုနှစ်တွင် စုစုပေါင်း (၈)ကြိမ် ကိုးသိန်းကျပ်2024 ခုနှစ်တွင် စုစုပေါင်း (၉)ကြိမ် ကိုးသိန်းကျပ်(01.01.2025)ရက်နေ့တွင် (၂၄)ကြိမ်မြောက် တစ်သိန်းကျပ် (07.02.2025) ရက်နေ့တွင် (၂၅)ကြိမ်မြောက် နှစ်သိန်းကျပ်(04.03.2025) ရက်နေ့တွင် (၂၆)ကြိမ်မြောက် တစ်သိန်းကျပ် ( 13.04.2025) ရက်နေ့တွင် (၂၇)ကြိမ်မြောက် တစ်သိန်းကျပ် ယခု (၂၈) ကြိမ်မြောက် (09.05.2025) ရက်နေ့တွင် တစ်သိန်းကျပ် စုစုပေါင်း သိန်းသုံးဆယ်ကျပ် တိတိကို သွားရောက်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။😊😊😊အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် 👇ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ASHC09th May 2025