နေပြည်တော်မှ သင်္ဘောသားဟောင်းကြီး Carpenterဦးအောင်ကျော်မိုး( CDC-12977) အသက် 83 နှစ်သည် Sky Line Co. တွင်သင်္ဘောများပေါ်တွင်လုပ်ကိုင်ခဲ့ပါသည်။ယခုအခါ နေပြည်တော် ၊ချောင်းဖျားကျေးရွာ၊ခေတ်အေးကျေးရွာအုပ်စု၊ဇေယျာသီရိမြို့နယ်တွင် ​ခြံလုံခြုံရေးဝန်ထမ်းလုပ်ကိုင်နေရကာ ဆီးကြိတ်ယောင်ရောဂါခံစားနေရသဖြင့် ဆေးများဝယ်သောက်ရန် ငွေကြေးခက်ခဲပါသဖြင့်အကူအညီတောင်းခံမှုကြောင့်ASHC မှ ကူညီထောက်ပံ့ငွေကိုပေးပို့ကြရပါသည်။ ဦးအောင်ကျော်မိုးဖက်မှချောမောစွာ လက်ခံရရှိပြီး ကျေးဇူးတင်ကြောင်း စာလွှာဖြင့် အကြောင်းပြန်ခဲ့ပါသည့်ပုံကို ကာယကံရှင် ၏ခွင့်ပြုချက်ဖြင့် အလှူရှင်များ သာဓုခေါ်နိုင်ပါရန် တင်ပြအပ်ပါသည် ခင်ဗျာ။ဦးအောင်ကျော်မိုးအားတိုက်ရိုက်လှူဒါန်းလိုပါကဦးအောင်ကျော်မိုး၏ဖုန်းနံပတ် 09424794889သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)ASHC19th September 2025