အင်းစိန်မြို့နယ်နေ ASHC ၏ အလှူရှင်ဖြစ်ခဲ့ဖူးသူ ဦးမောင်မောင်ဇော် BSN(CDC -15604) သည် အဆုတ်လေပြွန်ကျဥ်း၊ အသက်ရှူမဝ မောကြပ်ပြီး အောက်စီဂျင်ကျကာ အမောဖောက်သဖြင့် ဆေးရုံတက်ရောက်ရသည်ဟု သတင်းကြားသောကြောင့် ASHC မှ သတင်းမေးမြန်းရင်း ကူညီထောက်ပံ့ငွေ နှစ်သိန်းကျပ်တိတိကို သွားရောက်လှူဒါန်းပေးခဲ့ပါသည်ခင်ဗျာအလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪ASHC24th September 2025
