ဦးအေးဝင်း Bosun CDC 22734သည်
၁၄၆,လမ်း၊ တာမွေ၊ရန်ကုန် မြို့တွင်နေထိုင်ပြီး PIL shipping line, KCK shipping, Miyaco shipping သင်္ဘောများပေါ်တွင်လုပ်ကိုင်ခဲ့ပါသည်။

အသဲတွင်အနာပေါက်သဖြင့် တတိယအကြိမ် ဆေးရုံတက်ခွဲစိတ် ကုသရပါသည်။

သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီအဖွဲ့ချုပ်သို့ ပင်လယ်ကူးသင်္ဘောသားများလှူဒါန်းထားသောအလှူငွေများမှကျပ်ငွေနှစ်သိန်း တိတိ (200,000/- MMK) ကိုကူညီထောက်ပံ့ခဲ့ပါသည်။

အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။
🙏🙏🙏
ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။

ASHC
14th October 2025