တောင်ဒဂုံမြို့နယ်၊​​ ၂၂ ရပ်ကွက်၊ ​မြတ်​လေး ၁လမ်း​နေ သင်္ဘောသားဟောင်းကြီး AB ဦး​​​​​​​​​​အောင်သန်း ( CDC.14505)အသက် ၉၀ နှစ်သည် ဆီးချိုသွေးတိုး ဝေဒနာရှိသူဖြစ်ပီး ယခုအခါ ဂုတ်ကျီးပေါင်း ရောဂါကိုပါ ကုသနေရသဖြင့် သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှု လုပ်ငန်း ကော်မတီမှ အလှူငွေ ကျပ် တစ်သိန်းတိတိကို တတိယအကြိမ် သွားရောက် လှူဒါန်းခဲ့ပါတယ်ခင်ဗျာ😊😊😊(11.01.2022) ရက်နေ့တွင် ပထမအကြိမ် ငါးသောင်း ကျပ်(07.09.2025)ရက် နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်(12.10.2025)ရက် နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ်စုစုပေါင်း နှစ်သိန်းခွဲကျပ်တိတိကို သွားရောက်လှူဒါန်းပြီး ဖြစ်ပါသည်ခင်ဗျာအလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪ASHC18th October 2025