ASHC မှ သွားရောက်လှူ ဒါန်းခြင်း 🙏🙏🙏*****************************************ဦးအေဇင်မောင်, Deck Rating( CDC- 61887 ) အသက် (၄၅)နှစ်ရှိသူ အိမ်အမှတ် (27) 4လွှာ၊ သီရိဇေယျာလမ်း ဇဝန သင်္ဃန်းကျွန်း နေသူသည် JSM shipping Co; တွင်လုပ်ကိုင်ခဲ့သူဖြစ်ပါသည်။ သင်္ဘောပေါ်လုပ်ကိုင်နေစဉ် ပိုက်ပေါက်ပြီး ငရဲမီးကဲ့သို့ပြင်းသော caustic soda အရည်တမျိုး မျက်လုံးထိပြီးလှိုက်စားသွားဖြင့် စုံလုံးကွယ်ခဲ့ရပါသည်။ ASHC သို့ ပင်လယ်ကူးသင်္ဘောသားများလှူဒါန်းထားသောအလှူငွေများထဲမှ ကျပ်ငွေတစ်သိန်း တိတိ (100,000/- MMK) ကို ဆဌမအကြိမ် ကူညီထောက်ပံ့ခဲ့ပါသည်ခင်ဗျာ။တိုက်ရိုက်လှူဒါန်းလိုပါကလည်းဦးအေဇင်မောင် phone number 0943182347 သို့ဆက်သွယ်၍လည်း သွားရောက်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။ASHCမှလည်း (06.04.2023) ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်(03.05.2023) ဒုတိယအကြိမ် တစ်သိန်းကျပ်(30.05.2025) တတိယအကြိမ် တစ်သိန်းကျပ် (09.07.2025) စတုတ္ထအကြိမ် တစ်သိန်းကျပ် (07.09.2025) ပဥ္စမအကြိမ် တစ်သိန်းကျပ် ယခု (12.10.2025) ဆဌမအကြိမ် တစ်သိန်းကျပ် စုစုပေါင်း ေခြာက်သိန်းကျပ်တိတိကို သွားရောက်ကူညီလှူဒါန်းပြီးဖြစ်ပါသည်ခင်ဗျာ😊အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာASHC19th October 2025
