လေဖြတ်ထားသောကြောင့် ကျန်းမာရေးချို့တဲ့နေပြီး ငွေကြေးခက်ခဲနေသော သင်္ဘောသား ဟောင်းကြီး Oiler ဦး အောင်ကြီး (CDC-22087) အသက် 66နှစ်အား သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ – ASHC မှ အဌမ အကြိမ် ထောက်ပံ့ အလှူငွေ တစ်သိန်းကျပ် လှူဒါန်းခဲ့ပါသည်ဦးအောင်ကြီးသည် ၁ရပ်ကွက်၊ရာဇသင်္ကြန်လမ်း၊အရှေ့ဒဂုံမြို့နယ်၊ရန်ကုန်တွင် အဆောင်ငှားနေရသူဖြစ်ပြီးကျန်းမာရေးချို့တဲ့နေကာ ငွေကြေးခက်ခဲနေပါသဖြင့် အကူအညီလိုအပ်လျက်ရှိနေသောကြောင့် ASHC မှ လစဥ်ထောက်ပံ့ကြေးပေးနေရသူဖြစ်ပါသည်အသင်းအနေဖြင့် ဦအောင်ကြီးအား(18.07.2024)ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်(04.12.2024)ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်(24.03.2025) ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ်(07.06.2025) ရက်နေ့တွင်စတုတ္ထအကြိမ် တစ်သိန်းကျပ် (09.07.2025) ရက်နေ့တွင် ပဥ္စမအကြိမ်တစ်သိန်းကျပ် (17.08.2025) ရက်နေ့တွင် ဆဌမအကြိမ် တစ်သိန်းကျပ်(03.09.2025) ရက်နေ့တွင် သတ္တမအကြိမ် တစ်သိန်းကျပ်ယခု(12.10.2025) ရက်နေ့တွင် အဌမအကြိမ် တစ်သိန်းကျပ်စုစုပေါင်း ရှစ်သိန်းကျပ် တိတိကို သွားရောက်ကူညီ လှူဒါန်းပြီးဖြစ်ပါသည်။အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာASHC20th October 2025