အမှတ်-၄၈၁၊ သုမာလာ ၂ လမ်း၊ ၂ ရပ်ကွက်၊ မြောက်ဥက္ကလာမြို့နယ်၊ ရန်ကုန်တွင် နေထိုင်သော ဦးနှောက်အာရုံကြောဆေးရုံတွင်ဆေးကုသနေရသူ ဦးနှောက်နှင့်အာရုံကြောများမကောင်းသော သင်္ဘောသားဟောင်းကြီး Fitter ဦးမြင့်စိုး (CDC-11491) အသက် ၈၀ နှစ် အား သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှုလုပ်ငန်းကော်မတီမှ အလှူငွေ ကျပ်နှစ်သိန်း တိတိကို သတ္တမအကြိမ် သွားရောက်ကူညီလှူဒါန်းခဲ့ပါသည်။ 😊😊 (25.05.2023)ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်(18.09.2023)ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်(13.11.2023)ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ်(16.02.2024)ရက်နေ့တွင် စတုတ္ထအကြိမ် တစ်သိန်းကျပ်(18.11.2024) ရက်နေ့တွင်ပဉ္စမအကြိမ် တစ်သိန်းကျပ်(17.04.2025) ရက်နေ့တွင် ဆဌမအကြိမ် တစ်သိန်းကျပ်ယခု (05.11.2025) ရက်နေ့တွင် သတ္တမအကြိမ် နှစ်သိန်းကျပ်စုစုပေါင်း ရှစ်သိန်းကျပ် တိတိကို သွားရောက်ကူညီလှုဒါန်းပြီးဖြစ်ပါသည် ခင်ဗျာ 😊🎊🎉အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏 ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪 ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် 👇ရုံးခန်းလိပ်စာ – အမှတ်-၄၉ ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ https://ashcmm.orgတွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ASHC05th November 2025
