ASHC မှ စတုတ္ထအကြိမ်လှူဒါန်းခြင်း🙏🙏🙏


တိုက်(1) အခန်း(301) A(9)လမ်း၊ ယုဇနဥယျာဥ်မြို့တော်၊ဒဂုံဆိပ်ကမ်းမြို့နယ်တွင်နေထိုင်သော
နှလုံးသွေးကြောကျဉ်း၊ ကျောက်ကပ်မကောင်း ၊ အူကျနေ၍ ခွဲစိတ်ထားရသော ငွေကြေးအကူအညီလိုအပ်နေသည့် သင်္ဘောသားဟောင်းကြီး BSN ဦးအောင်စိုး (CDC-4914) အသက် ၈၁ နှစ် အား သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှုလုပ်ငန်းကော်မတီမှ အလှူငွေ ကျပ်တစ်သိန်း တိတိကို စတုတ္ထအကြိမ် သွားရောက်ကူညီလှူဒါန်းခဲ့ပါသည်။ 😊😊
(12.06.2023)ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်
(01.10.2024)ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်
(05.12.2024)ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ်
ယခု (16.05.2025) ရက်နေ့တွင် စတုတ္ထအကြိမ် တစ်သိန်းကျပ်
စုစုပေါင်း လေးသိန်းကျပ် တိတိကို သွားရောက်ကူညီလှုဒါန်းပြီးဖြစ်ပါသည် ခင်ဗျာ 🎉🎊😊
အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏
ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪
ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် 👇
ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ www.ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
ASHC
16th May 2025