သင်္ဘောသားဟောင်းကြီး R.O ဦးသက်လွင် (CDC-9748) အသက် ၇၉ နှစ်သည် အဆုတ်ရေ ဝင်သဖြင့် ဆေးရုံတက်ကုသနေရသည်မှာ ရက်(၂၀) ကျော် ကြာပြီဟု သတင်းကြားသိရသဖြင့် သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှုလုပ်ငန်းကော်မတီမှ တစ်ဖက်တစ်လမ်းမှအားဖြည့်ကူညီသည့်အနေဖြင့် အလှူငွေ ကျပ်တစ်သိန်း တိတိကို (21.07.2025) ရက်ေန့တွင် သွားရောက်ကူညီလှူဒါန်းခဲ့ပါသည်။
R.O ဦးသက်လွင် သည် ၁၄/၂ရက်ကွက် တောင်ဉက္ကလာပတွင် နေထိုင်သူဖြစ်ပြီး PIL Line, Tomor shipping, MTM shipping Co.,Ltd သင်္ဘောများပေါ်တွင်လုပ်ကိုင်ခဲ့သူဖြစ်ပါသည်။
(23.03.2023) ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ် သွားရောက် လှူဒါန်းခဲ့ပါသည်။
ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်ပါသည်။
အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏
ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪
ASHC
22 July 2025
